ဆွမ်ပရာဘွမ် ၈ စက်တင်ဘာ
တောင်သူအသိပညာပေး သီးနှံများအထူးပြု ရက်တိုစိုက်ပျိုးရေး သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၁၀ နာရီက ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့ ဘန်ရူခန်းမ၌ ပြုလုပ်ခဲ့သည်။
သင်တန်းတွင် ထူးချွန်ဆုရ သင်တန်းသား သင်တန်းသူများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုးက ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ရန်ကုန်-ရုံးချုပ်)မှ စိုက်ပျိုးရေး တာဝန်ခံအရာရှိ ဦးလှအောင်က သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းသို့ ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ တောင်သူစုစုပေါင်း (၇၀)ဦး တက်ရောက်ခဲ့ပြီး စက်တင်ဘာ ၂ ရက်မှ ၈ ရက်အထိ ဆွေးနွေးပို့ချခဲ့ခြင်းဖြစ်သည်။
အဆိုပါ သင်တန်းကို ကချင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီတို့ ပူးပေါင်း၍ ဆွမ်ပရာဘွမ်မြို့နယ်ရှိ တောင်သူများ၏ လူနေမှုဘဝ ပိုမိုမြှင့်မားလာစေရေးနှင့် စားသုံးသူများ သက်ရှည်ကျန်းမာစေရေးအတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
ဖုန်ကန်(ပြန်/ဆက်)


