နေပြည်တော်  ၈   စက်တင်ဘာ 


ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် သည် ယမန်နေ့နံနက်ပိုင်းက လယ်ဝေးဘူတာမှ RBE ရထားဖြင့် နေပြည်တော် - ပြည် - ရန်ကုန် ရထားလမ်းပိုင်းရှိ ဘူတာများ သန့်ရှင်းသာယာလှပရေး၊ ရထားလမ်းပိုင်းများ ပြုပြင် ရမည့်အခြေအနေနှင့် တံတာများကြံခိုင်မှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။ 


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် အိုးပေါက်၊ ဆတ်သွား၊ ချောင်းကောက်ကိုးပင်၊ ဧကရာဇ်၊ အောင်လံနှင့် ဒုရင်္ဂဗိုလ် ဘူတာများကို ဖြတ်သန်းကြည့်ရှုပြီး တာဝန်ရှိသူများအား ရထားလမ်းပိုင်းများ၊ တာဘောင်များ၊ တံတားများကြံ့ခိုင်မှုရှိရေး၊ ခရီးသည်စီးနင်းမှု တိုးတက်ရေး၊ ရထားလမ်းခင်းကျောက်များ အချိန်မီရရှိရေးနှင့် ရထားလမ်းတစ်လျောက်ရှိ ခြုံနွယ်များရှင်းလင်းရေး တို့ကို မှာကြားသည်။ 


ထို့နောက် တီတွတ်နှင့် ရွေတံခါး ဘူတာအကြား မြေထိမ်းနံရံများ၊ မြေသားတာ ဘောင်များပြုပြင်နေမှုနှင့် ရထားလမ်းဘေးတစ်လျောက်ရှိ ရေမြောင်းများ ရေစီးရေလာ ကောင်းမွန်ရေးအတွက် ကွန်ကရစ်ရေမြောင်းများ ပြုပြင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။ 


ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်ဘူတာနှင့် ဇီးကုန်းဘူတာတို့၌ ဝန်ထမ်း များနှင့်တွေ့ဆုံပြီး ရန်ကုန် - မန္တလေးလမ်းပိုင်း အဆင့်မြင့်တင်ပြုပြင်ရာတွင် ဒွေးလမ်းစနစ် မှ ဧကလမ်းစနစ်သို့ ပြောင်းလဲအသုံးပြုသွားမည်ဖြစ်ပြီး လမ်းပိုင်းပြုပြင်နေသည့် အချိန်များ တွင် လိုအပ်ပါက ရိုးမပတ်လမ်းကို အသုံးပြု၍ ကုန်ရထားများသွားလာရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရထားလမ်းပိုင်းများကို ကြိုတင်ပြုပြင်ထားမှသာ အဆင်ပြေချောမွေ့စွာ ရထား များသွားလာနိုင်မည်ဖြစ်ကြောင်း၊ ခရီးသွားပြည်သူများ အန္တရာယ်ကင်းရှင်းရေး၊ ခရီးသည်နှင့် ကုန်စည်များ အချိန်မီလိုရာခရီးကို ရောက်ရှိအောင် ဝန်ထမ်းများအနေဖြင့် ကြိုးစားဆောင်ရွက်သွားကြရန် အရေးကြီးကြောင်း မှာကြားသည်။


(သတင်းစဉ်)

 

၂.၃