မန္တလေး ၉ စက်တင်ဘာ
မန္တလေးတိုင်းဒေသကြီး အတွင်းရှိ စားသောက်ကုန်များ ဘေးအန္တရာယ် ကင်းရှင်းစေသည့် စားသောက်ကုန် ထုတ်လုပ်သော နည်းလမ်းများ၊ အသိပညာများကို ပို့ချပေးရန် ရည်ရွယ်၍ စားသောက်ကုန် ထုတ်လုပ်သည့် လုပ်ငန်းရှင်များအတွက် သင်တန်းကို မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံးတွင် စက်တင်ဘာ ၁၇ ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)


