သုံးခွ ၉ စက်တင်ဘာ
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ပေါက်တောရိုးကျေးရွာ၌ ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ရန် အတွက် မြေပြင်ကွင်းဆင်း တိုင်းတာခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျေးရွာကုန်ထုတ်လမ်းသည် အရှည် ၆ ဒသမ ၁ ဖာလုံ၊ အကျယ် ၁၂ ပေ၊ ထုထည် ၉ လက်မရှိ ဂဝံလမ်း အမျိုးအစားဖြစ်ကာ ကုန်ထုတ်လမ်းပိုင်းအတွင်း အရှည်ပေ ၄၀ ၊ အကျယ် ၁၄ ပေ သံကူကွန်ကရစ် တံတားတစ်စင်းနှင့် အုတ်ပေါက်တံတား တစ်စင်းတည်ဆောက်ရန် လျာထားပြီး မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကွင်းဆင်းတိုင်းတာ စစ်ဆေးခြင်း ဖြစ်သည်။
အဆိုပါ ကုန်ထုတ်လမ်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် သခွတ်ကုန်း ကျေးရွာအုပ်စု၊ ပေါက်တောရိုးကျေးရွာ၌ လယ်ယာထွက်ကုန် ပစ္စည်းများ ရာသီမရွေး အဆင်ပြေစွာ သယ်ယူသွားလာနိုင်ရန် ရည်ရွယ် ဖောက်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ကိုကျော်(သုံးခွ)


