မင်းတပ်    ၉     စက်တင်ဘာ


အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ဆက်စပ်ဌာနများပူးပေါင်း၍ မင်းတပ်မြို့ရှိ ဆေးဆိုင်များ၌ စက်တင်ဘာ ၅ ရက်နေ့တွင် စံမညီဆေးဝါးများရောင်းချခြင်းရှိမရှိ ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။


“ကျွန်တော်တို့ဌာနနှင့် ဆက်စပ်ဌာနတွေ ပူးပေါင်းပြီးတော့ ဆေးဆိုင်တွေမှာ သက်တမ်းလွန် ဆေးဝါးများနှင့် စံမညီဆေးဝါးများ ရောင်းချမှု ရှိ မရှိ၊ ဆေးဆိုင်များ၌ ဆေးဝါးများ စနစ်တကျ ထားသိုမှု ရှိ မရှိ၊ ဆေးဝါးရောင်းချခွင့်လိုင်စင် ရှိ မရှိ နှင့်စပ်ဆေး၊ ထိန်းချုပ်ဆေးဝါးများကို ဆရာဝန်ညွှန်ကြားမှုရမှသာ ရောင်းချရန်တို့ကို အဓိကစစ်ဆေးပါတယ်” ဟု ဦးကျော်ဆန်းလှိုင်(တာဝန်ခံ) ဒုကြီးကြပ်ရေးမှူး (အစားအသောက်) ကပြောသည်။


အရည်အသွေး ကောင်းမွန်ပြီး ဘေးအန္တရာယ် ကင်းရှင်းသော ဆေးဝါးများကို ပြည်သူလူထု သုံးစွဲနိုင်ရန် ရည်ရွယ်၍ တစ်လတစ်ကြိမ် ပုံမှန်စစ်ဆေးလျက်ရှိကြောင်း သိရသည်။


ခွီရှိန်း