ပူတာအို ၉ စက်တင်ဘာ
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ဥရောပသမဂ္ဂ၏ ပံ့ပိုးကူညီမှုဖြင့် ကျား၊မ ရေးရာတန်းတူညီမျှရေးကွန်ရက်နှင့် ကချင်ပြည်နယ်အမျိုးသမီးများ သမဂ္ဂတို့ပူးပေါင်းဖွင့်လှစ်သော အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်းသင်တန်းကို ယနေ့နံနက်ပိုင်းက ထဝမ်ရာဇီခန်းမဆောင်၌ ဖွင့်လှစ်သည်။
သင်တန်းတွင်ကျား၊မရေးရာဆိုင်ရာများ၊ အမျိုးသမီးများအပေါ်နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံခြင်း ပပျောက်ရေးသဘောတူစာချုပ်ဆိုင်ရာများ၊ ကျား-မအခြေပြုအကြမ်းဖက်ခြင်းဆိုင်ရာများနှင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်းဆိုင်ရာများကို ကချင်ပြည်နယ်အမျိုးသမီးများ ကွန်ရက်မှဒေါ်နန်းခမ်းရင်နှင့် ထွယ်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ဒေါ်ထုနန်တို့ကဆွေးနွေးပို့ချပေးခဲ့သည်။
သင်တန်းသို့ ပူတာအိုမြို့နယ်နှင့် မချမ်းဘော့မြို့နယ်များမှ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ CSO များ၊ အဖွဲ့အစည်းအသီးသီးမှခေါင်းဆောင်များ စုစုပေါင်း (၂၆)ဦးတက်ရောက်လျက်ရှိပြီး သင်တန်း ကာလမှာစက်တင်ဘာလ (၉) ရက်မှ (၁၀) ရက်အထိ နှစ်ရက်တာ ဆွေးနွေးပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဆန်းညွှန့်(ပူတာအို)


