ငါ့သရောက် ၉ စက်တင်ဘာ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ငါ့သရောက်မြို့နယ် ကန်တိန်အုပ်စုအတွင်းရှိ ကျေးရွာများမှ ကြောင်ပန်းခြုံပိုင်ရှင်များ ကြောင်ပန်းသီးခူရောင်းချခြင်းဖြင့် မိသားစုဝင်ငွေ တွက်ခြေကိုက်နေကြကြောင်း ကန်တိန်ကျေးရွာ ကြောင်းပန်းခင်း(ခြုံ)ပိုင်ရှင် ဒေါ်တင်စိန်မှ ရှင်းပြသည်။
ညောင်ဦးခရိုင် ငါ့သရောက်မြို့ရှိ ကျေးရွာများသည် မိုးရာသီတစ်ခုတည်းသာ အားကိုးအားထားပြုကာ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေသည့် မြို့တစ်မြို့ဖြစ်ကာ ယာခင်းတောစပ်များတွင် စိုက်ပျိုးထားသည့် ကြောင်ပန်းခင်းများမှကြောင်ပန်းသီးများ ခူးဆွတ်ရောင်းချခြင်းဖြင့် မိသားစုဝင်ငွေတွက် ခြေကိုက်နေကြကြောင်း တမာခါးကျေးရွာ ဦးမြင့်သောင်းက ပြောပြသည်။
ကြောင်းပန်းခင်းများအား ငါ့သရောက်မြို့နယ်တွင် ယာခင်းစပ်၊ တောစပ်၊ ချောင်းကော မြောင်းကောများတွင် ကိုင်းဖြတ်စိုက်ပျိုးထားရာမှ ရှင်သန်ကြီးထွားလာကာ ကြောင်ပန်းသီးပေါ်ချိန်ဖြစ်သည့် ဝါခေါင်လ၊ တော်သလင်း၊ သီတင်းကျွတ်၊ တန်ဆောင်မုန်းလများတွင် ခူးဆွတ်ရောင်းချကြကြောင်း ကြောင်ပန်းသီးခြုံ တစ်ခါခူးပြီးလျှင် နောက်ထပ်ဆယ်ရက်ကြာမှ ပြန်လည်ခူးဆွတ်ရကြောင်း ခူးပြီးသား ကြောင်ပန်သီးများအား များလာလျှင် ပွဲစားများကို ဖုံးဆက်အကြောင်းကြားခြင်းဖြင့် လာရောက်သိမ်းယူ ငွေပေးချေးကြောင်း ကြောင်ပန်းခင်း(ခြုံ)ပိုင်ရှင်များက ရှင်းပြသည်။
လူတစ်ယောက် ကြောင်ပန်းသီး တစ်ရက်ခူးလျှင် တစ်တင်းကျော်ရှိကြောင်း ပြန်ရောင်းလျှင် တစ်ယောက် ငွေတစ်သောင်းကျော် ရရှိကြောင်း ကြောင်ပန်းခင်း (ခြုံ)တစ်ဧကကျော်ပိုင်ဆိုင်သည့် ကန်တိန်ကျေးရွာ ဒေါ်တင်စိန်က ပြောပြသည်။
ငါ့သရောက်မြို့တွင် ကြောင်ပန်းသီး ခူးဆွတ်ရောင်းချသည့် ကြောင်ပန်းခြုံပိုင်ရှင်များ ခူးဆွတ်ပြီးချိန်တွင် ကြောင်ပန်းသီး အစိုတစ်ပြည်လျှင် ၇၀ဝ ကျပ် ရောင်းချရပြီး၊ ကြောင်ပန်းသီး တစ်ပိဿာလျှင် (အခြောက် ) ကျပ် ၅၄၀ဝ ရောင်းချရကြောင်းသိရသည်။
ငါ့သရောက်မြို့ထွက် ကြောင်ပန်းသီးများအား ပခုက္ကူမြို့၊ မန္တလေးမြို့များမှ ပွဲစားများ လာရောက်ဝယ်ယူကြကြောင်း ကြောင်ပန်းသီး ရသလောက် သိမ်းကြုံးဝယ်ယူခြင်းကြောင့် ကြောင်ပန်းသီးအခင်းပိုင်ကြသည့် အခင်းရှင်များမိသားစု ဝင်ငွေတဘက်တလမ်းမှ ဝင်နေသောကြောင့် ယာခင်းစပ်၊ ချောင်းမြောင်းအစပ်များတွင် ကြောင်ပန်းပင်များ ပိုမိုစိုက်ပျိုးသင့်ကြောင်းနှင့် ကြောင်ပန်းဧကဝက် စိုက်ပျိုးလျှင် ကြောင်းပန်းသီးဖိုး ဆယ်သိန်းကျော်စုမိကြောင်း ဒေါ်တင်စိန်မှရှင်းပြ၍သိရသည်။
မောင်မောင်ထိန်(ကျောက်ပန်းတောင်း)


