ပေါက်  ၁၀ စက်တင်ဘာ 
 

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်၌ စက်တင်ဘာလဆန်းပိုင်းတွင် မိုးများ အဆက်မပြတ် ရွာသွန်းပြီး ကျောချောင်းရေများ မြင့်တက်ကာ ကျောချောင်းတစ်ဖက်ကမ်းရှိ ခရီးသွားပြည်သူ အနေဖြင့် မိမိတို့၏ မော်တော်ဆိုင်ကယ်များကိုအငှားထမ်းခပေးပြီးဖြတ်သန်းသွားလာနေရကြောင်း ခရီးသွားပြည်သူတစ်ဦးထံမှ သိရသည်။

 
ထိုသို့ဖြတ်သန်းသွားလာရာတွင် ယောချောင်းဘေးတစ်လျှောက်ရှိ ခရီးသွားပြည်သူများသည် နိုင်ငံတော်မှအမှတ် (၁) ပေါက်တံတား(အုန်းတော)နှင့် အမှတ်(၂)ပေါက်တံတား (ရေပြာ)တံတားကြီးနှစ်စင်း တည်ဆောက်ပေးထား၍ သွားရေးလာရေး အဆင်ပြေချောမွေ့စွာသွားလာနိုင်သော်လည်း ကျောချောင်း တစ်ဖက်ကမ်းရှိ ကမ္ဘားဖြူ၊ သီးချောက်၊ ညောင်ဝန်းပေါက်၊ ရှားခွကြီး၊ ရှားခွ လေး၊ ရေတိမ်၊ ပိတ်တော၊ ဂွေးကြီးယို၊ ကံသာကုန်း၊ ချိုင်ဇောက်၊ မြို့ခင်းသာအစရှိ သောကျေးရွာများမှခရီးသွား ပြည်သူများ ကျန်းမာရေး၊ ရောင်းရေးဝယ်ရေးနှင့် အခြားကိစ္စများကြောင့် ပေါက်မြို့ပေါ်သို့ မိုးတွင်းကာလ လာရောက်သည့်အခါ ဆိုင်ကယ်တစ်စီးလျှင် တစ်ခေါက် ငွေကျပ် ၁၀ဝ၀ ထမ်းခပေးပြီး အချိန်စောင့်ဆိုင်းဖြတ်သန်းသွားလာနေရသဖြင့် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း ခရီးသွားပြည်သူတစ်ဦးဖြစ်သူ ညောင်ဝန်းပေါက်ကျေးရွာနေ ဦးမြင့်ဌေးက ပြောသည်။


ဉာဏ်တိုး( ပေါက် )

 

1