မုံရွာ ၁၀ စက်တင်ဘာ
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မိုးစပါး စိုက်ရာသီတွင် စစ်ကိုင်းတိုင်းဒေသကြီးမှ ခရိုင်(၇)ခု အတွင်းရှိ မြို့နယ်(၁၉)မြို့နယ်တွင် ရွှေဘိုပေါ်ဆန်း စပါးမျိုးဧက၂၇၃၉၇၀ အား စိုက်ပျိုးနိုင်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦး၏ ပြောကြားချက်အရ သိရသည်။
ယခုဘဏ္ဍာနှစ် မိုးစပါးစိုက်ရာသီတွင် ရွှေဘိုပေါ်ဆန်းစပါးမျိုး စိုက်ပျိုးပြီးစီးမှု အနေဖြင့် စစ်ကိုင်းခရိုင်ရှိ မြို့နယ်(၂)ခုတွင်(၅၅၈)ဧကအားလည်းကောင်း၊ မုံရွာခရိုင်ရှိ မြို့နယ်(၃)ခုတွင် (၃၀၂၆)ဧကအားလည်းကောင်း၊ ယင်းမာပင်ခရိုင်ရှိ မြို့နယ်(၃)ခုတွင် (၂၀)ဧကအားလည်းကောင်း၊ ရွှေဘိုခရိုင်ရှိ မြို့နယ်(၆)ခုတွင် (၂၅၃၅၈၃) ဧကအားလည်းကောင်း၊ ကန့်ဘလူခရိုင် အတွင်းရှိ မြို့နယ်(၁)ခုတွင် (၁၃၉၅၈)ဧကအားလည်းကောင်း၊ ကသာ ခရိုင်ရှိ မြို့နယ်(၂)ခုတွင် (၁၃၆)ဧကအားလည်းကောင်း၊ ကလေးခရိုင်ရှိ မြို့နယ်(၂)ခုတွင် (၂၆၈၉)ဧကအားလည်းကောင်း စုစုပေါင်း (၂၇၃၉၇၀)ဧကကို စိုက်ပျိုးပြီးစီးခဲ့ကြောင်း သိရသည်။
ရွှေဘိုပေါ်ဆန်းစပါးမျိုးကို ပြီးခဲ့သည့်ဘဏ္ဍာနှစ်မိုးစပါးစိုက်ရာသီတွင် စစ်ကိုင်းတိုင်းဒေသကြီး အတွင်း စစ်ကိုင်းခရိုင်ရှိ မြို့နယ်(၂)ခုတွင်(၈၀၃)ဧကအားလည်းကောင်း၊ မုံရွာခရိုင်ရှိမြို့နယ်(၃)ခုတွင်(၉၅၀၆)ဧကအား လည်းကောင်း၊ ယင်းမာပင်ခရိုင်ရှိ မြို့နယ်(၃)ခုတွင်(၁၁၅)ဧကအားလည်းကောင်း၊ ရွှေဘိုခရိုင်ရှိ မြို့နယ် (၆)ခုတွင် (၃၆၇၀၁၂)ဧကအားလည်းကောင်း၊ ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်(၁)ခုတွင် (၃၂၀၃၅)ဧကအား လည်းကောင်း၊ ကသာခရိုင်ရှိ မြို့နယ်(၂)ခုတွင် (၂၂)ဧကအားလည်းကောင်း၊ ကလေးခရိုင်ရှိ မြို့နယ်(၂)ခုတွင် (၄၇၁၀)ဧကအား လည်းကောင်း၊ တမူးခရိုင်ရှိ တမူးမြို့နယ်တွင် (၁၀၂)ဧကအားလည်းကောင်း စုစုပေါင်း (၄၁၄၃၀၅)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ရိတ်သိမ်းချိန်တွင် (၄၁၄၁၇၀) ဧကကို ရိတ်သိမ်းနိုင်ခဲ့ရာ တစ်ဧကပျမ်းမျှ အထွက်နှုန်း (၈၂.၃၅) တင်းနှုန်းဖြင့် စုစုပေါင်း(၃၄၁၀၇၃၇၂)တင်း ထွက်ရှိခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


