ကျွန်းလှ  ၁၀ စက်တင်ဘာ   
       

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ် အင်တိုင်း-ကျွဲတဲ-အင်လှ-လိပ်စင်းတောင် ကျေးရွာ လမ်းပေါ်ရှိ ပြောင်သွယ်ချောင်းကူးတံတား တည်ဆောက်ခြင်းလုပ်ငန်းများမှာ ၂၉ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။


အဆိုပါ ပြောင်သွယ်ချောင်းကူးတံတားသည် အရှည်ပေ ၂၀ဝ၀၊ အခန်းဖွင့်အကျယ် ပေ ၈၀ × ၂၅ ခန်း) သံကူကွန်ကရစ်၊ အောက်ခြေသံဘောင်ဘေလီတံတားအမျိုးအစားဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ်သန်း ၁၅၅၀ ဖြင့် ၂၀၁၉ ခုနှစ်/ မတ်လမှစတင်၍ တံတားအထူးအဖွဲ့(၂)က တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်သည်။


အဆိုပါတံတားတည်ဆောက်ပြီးစီးပါက ကျွန်းလှမြို့ကို အခြေပြု၍ ကျေးရွာပေါင်း(၁၁၄)ရွာအနက် သဖန်းဆိပ်ဆည် အနောက်ဘက်ခြမ်းရှိကျေးရွာပေါင်း(၅၀)ကျော်မှ ဒေသခံပြည်သူများရာသီမရွေး အလွယ်တကူ ဆက်သွယ်သွားလာနိုင်ပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။


မျိုးဝင်းညို (ကျွန်းလှ)

 

1