နေပြည်တော် ၁၀  စက်တင်ဘာ 
    
 
အဋ္ဌမအကြိမ်နိုင်ငံတော် သံဃမဟာနာယကအဖွဲ့(၄၇)ပါးစုံညီ တတိယအစည်း အဝေးကို ၁၃၈၁ - ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၆၊၇၊ ၈၊ ၉) ရက်၊ (၂၀၁၉-ခုနှစ်၊ နိုဝင်ဘာလ ၁၇၊၁၈၊ ၁၉၊ ၂၀) ရက်၊ တနင်္ဂနွေ၊ တနင်္လာ၊အင်္ဂါ၊ ဗုဒ္ဓဟူးနေ့များတွင် အကြိုညှိနှိုင်းအစည်းအဝေးနှင့် ၁၃၈၁-ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀၊၁၁) ရက်၊ (၂၀၁၉-ခုနှစ်၊ နိုဝင်ဘာလ ၂၁၊ ၂၂) ရက်၊ ကြာသပတေး၊ သောကြာနေ့များတွင် အစည်းအဝေးကျင်းပမည်ဖြစ်သည်။ 
    

နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများသည် ၁၃၈၁ ခုနှစ် ၊ တန်ဆောင်မုန်းလပြည့်ကျော် (၅)ရက်၊ (၂၀၁၉- ခုနှစ်၊ နိုဝင်ဘာလ ၁၆ )ရက်၊ စနေနေ့အရောက် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ၊ မဟာနာယကကျောင်းတော်ကြီးသို့ ကြွရောက်တော်မူပါရန် ပင့်လျှောက်ပါကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိသည်။ 


သတင်းစဉ်