နတ်တလင်း ၁၀ စက်တင်ဘာ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် ချင်းကုန်းအုပ်စု ကုက္ကိုလ်မြောင်ရွာ တောင်သူဦးအောင်လွင်၏ မြေပဲခင်းတွင် စက်တင်ဘာ ၉ ရက် နံနက် ၉ နာရီခွဲ၌ မြေပဲစံပြရိတ်သိမ်းပွဲအခမ်းအနား ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာမှ ကြီးမှူး၍ ၂၀၁၉ ခုနှစ် မြေပဲသီးနှံစံပြကွက် ရိတ်သိမ်းပွဲပြုလုပ်ရာ မြို့နယ်စိုက်ပျိုးရေးဌာန ဦးစီးမှူး ဦးမျိုးသူမှ မြေပဲအထွက်နှုန်း ကောင်းမွန်ရေး၊ နည်းမှန်လမ်းမှန် စိုက်ပျိုးနိုင်ရေး၊ အချိန်အခါအလိုက် မြေသြဇာနှင့် ရောဂါပိုးမွှားများအန္တရာယ်ကို ကာကွယ်နိုင်ရေး၊ ယခုကဲ့သို့ စံပြကွက်ဆောင်ရွက်ပေးရခြင်းအပေါ် မြေပဲစိုက်တောင်သူများအနေဖြင့် စနစ်တကျ လိုက်နာကျင့်သုံးစေရန်နှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ကြောင်း ပြောကြားသည်။

အခမ်းအနားသို့ ခရိုင်မျိုးစေ့တာဝန်ခံ ဦးမင်းသူ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရေကြည်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ၊ တောင်သူများ တက်ရောက်ကြကြောင်း သိရသည်။

တင်မြင့် (နတ်တလင်း)