ရန်ကုန် ၁၀ စက်တင်ဘာ

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ခနောင်ရွာမကျေးရွာအုပ်စု ခနောင်မီးခြစ်စက်ကျေးရွာရှိ မြတ်မေတ္တာမွန် သင်္ဘောကျင်း၌ သြဂုတ်လ ၂၇ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်က အောက်တိန်းဆီတင် တွဲသင်္ဘောပေါ်၌ မီးလောင်ပေါက်ကွဲမှုကြောင့် (၂)ဦးသေဆုံး၊ (၂)ဦးဒဏ်ရာရနှင့် လူနေအိမ်(၂)လုံး ပြိုကျပျက်စီးခဲ့မှုအပေါ် ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ယနေ့မွန်းလွဲ ၂ နာရီ ၄၅ မိနစ်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူးရုံးခန်း၌ ဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုတွင် ပါဝင်သော မိသားစုဝင်များကို ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

 

2

 

မီးလောင်ပေါက်ကွဲမှုကြောင့် ဦးစိန်ထွန်း (၂၈)နှစ်၊ ဦးဇေယျာမင်း (၃၂)နှစ်တို့အတွက် တစ်ဦးလျှင် ငွေကျပ်(၃)သိန်းနှုန်းဖြင့် လည်းကောင်း၊ ဒဏ်ရာရရှိသော ဦးသက်တင်ဖြိုး (၂၂)နှစ်နှင့် ဒေါ်ဖြူဖြူဝင်း (၃၄)နှစ်တို့အား တစ်ဦးလျှင်  ငွေကျပ်(၅)သောင်းနှုန်းဖြင့် လည်းကောင်း၊ ပြိုကျနေအိမ်(၂)လုံးအတွက် တစ်အိမ်လျှင် အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ် (၁)သိန်းနှုန်းနှင့် ဆန်ရိက္ခာဖိုး ငွေကျပ် ၁၄၇၀ဝ ကိုလည်းကောင်း စုစုပေါင်း ငွေကျပ် ၉၁၄၇၀ဝ တို့ကို တိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်ထက်ထက်စုလှိုင်ဦးနှင့် ခနောင်ရွာမကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကြည်စိုးတို့က မိသားစုဝင်များ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းနှင့်ဓာတ်ပုံ - နိုင်လင်းကျော်(ဒလ)
 

3