ဗန်းမော် ၁၀ စက်တင်ဘာ 

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဗန်းမော်တပ်နယ်အဖွဲ့မှ ဝန်ထမ်းနှင့် ဒေသခံပြည်သူများအတွက် တန်ဖိုးသင့် ဟင်းသီးဟင်းရွက်များကို ယနေ့မွန်းလွဲပိုင်းက ဗန်းမော်မြို့ပေါ်၌ လှည့်လည်ရောင်းချပေးခဲ့ကြောင်း သိရသည်။

 

1103

 

ထိုသို့လှည့်လည်ရောင်းချပေးရာတွင် ဗန်းမော်တပ်နယ်မှ တပ်ရင်းတပ်ဖွဲ့များက တပ်မတော်သားမိသားစုများ၏ တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးခြံများမှ ထွက်ရှိသည့် ဟင်းသီးဟင်းရွက်၊ ကြက်ဥ၊ အသားနှင့် နွားနို့များကို စက်တင်ဘာ ၁ဝ ရက် မွန်းလွဲ ၁ နာရီမှ စတင်၍ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းရှေ့တို့တွင် လည်းကောင်း၊ ဗန်းမော်မြို့ပေါ်၌ လည်းကောင်း ဈေးနှုန်းသက်သာစွာဖြင့် လှည့်လည်ရောင်းချပေးကြောင်း၊ ဝက်သားတစ်ပိဿာလျှင် (၆၅ဝဝ)ကျပ်နှုန်း၊ ကြက်သားတစ်ပိဿာလျှင် (၄ဝဝဝ)ကျပ်နှုန်း၊ ကြက်ဥတစ်လုံး (၁ဝဝ)ကျပ်နှုန်းနှင့် ဟင်းသီးဟင်းရွက်များကို တစ်စည်း(၁ဝဝ)ကျပ်နှုန်းဖြင့် ရောင်းချပေးကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)