နေပြည်တော် ၁၀ စက်တင်ဘာ

လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ(၁)နာရီတွင် ဒက္ခိဏသီရိမြို့နယ်၊ အမှတ်(၁၈) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

 

4

 

အခမ်းအနားတွင် ဒက္ခိဏသီရိမြို့နယ် ပညာရေးမှူး ဒေါ်ခင်ဟန်က အမှာစကားပြောကြားပြီး အမှတ်(၁) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့မှ ဒုရဲအုပ်ကျော်လင်းထွန်းက လူကုန်ကူးမှု တားဆီးကာကွယ်ရေး အကြောင်းကိုလည်းကောင်း၊ စာရေးဆရာမ ဒေါ်သက်သက်နွယ်က သက်ငယ်မုဒိမ်းမှု တားဆီးကာကွယ်ရေး အကြောင်းကိုလည်းကောင်း အသီးသီးဟောပြောကြသည်။

 

7

 

ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်ခင်ဟန်နှင့် တာဝန်ရှိသူများက လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲတွင် ဆုရရှိကြသည့် ကျောင်းသားကျောင်းသူများကို ဆုများပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများက ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် လူကုန်ကူးမှုတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးအကြောင်း၊ သဘာဝဘေးအန္တရာယ်အကြောင်း စသည့် အသိပညာပေး နံရံကပ်ပြဘုတ်များကို စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။    
 
ထွန်းထွန်းဝင်း