မိုးညှင်း ၁၀ စက်တင်ဘာ

ကချင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူး၍ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးနှင့် မိဘရပ်ရွာအသိပညာပေး အခမ်းအနားကို စက်တင်ဘာ ၁၀ ရက် မွန်းလွဲ ၁ နာရီတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခမ်းမ၌ ကျင်းပသည်။ 

 

8045

 

အခမ်းအနားတွင် မိုးညှင်းခရိုင် ဒုတိယအုပ်ချူပ်ရေးမှူး ဦးညွန့်ဝေက အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မြမာလာစိုးက မိမိတို့ဌာနသည် ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးများနှင့်ပတ်သက်၍ တာဝန်အရှိဆုံး ဆောင်ရွက်ရသည့် အဓိကဌာနဖြစ်ပါကြောင်း၊ ယခုလို အခမ်းအနားမျိုးကို ပြည်နယ်အဆင့်တွင် ကျင်းပခဲ့ပြီးဖြစ်ကြောင်း၊ ယခုခရိုင်အဆင့် ဆောင်ရွက်ခြင်းဖြစ်ပြီး မြို့နယ်အဆင့်ကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

 

8084

 

အခမ်းအနားသို့ ကချင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မြမာလာစိုး၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ မူကြိုကျောင်း ဖွင့်လှစ်ထားသူများ တက်ရောက်ကြောင်း သိရသည်။

ကျော်ကျော်ထွေး(မိုးညှင်း)