နေပြည်တော် ၁၀ စက်တင်ဘာ 


    
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (International Committee of the Red Cross - ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Stephan Sakalian နှင့် အဖွဲ့အား ယနေ့ ညနေ (၄) နာရီ (၁၅) မိနစ်တွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်။        
    
တွေ့ဆုံစဉ် ဝန်ကြီးဌာနအနေဖြင့် ပြည်ဝင်ဗီဇာ လွယ်ကူစေရေးအတွက် ဖြေလျော့ဆောင်ရွက်ပေးနေမှု၊ အခြားသောဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ဆက်စပ်ဆောင်ရွက်နေသည့် နိုင်ငံခြားသားများ၏ ပြည်ဝင်ဗီဇာကိစ္စရပ်များ အဆင်ပြေလွယ်ကူ စေရေးအတွက် ဆောင်ရွက်နေမှု၊ နိုင်ငံတကာ၌ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)၏ လုပ်ငန်းဆောင်ရွက်မှု၊  မြန်မာနိုင်ငံအတွင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ ICRC အနေဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနိုင်ရေးအတွက် ဘေးဒုက္ခကျရောက်သည့် ဒေသများနှင့် လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားသည့် ဒေသများ၌ ရုံးများဖွင့်လှစ်ကာ အကူအညီပေးဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ်အတွင်း ICRC မှ ကူညီဆောင်ရွက်နေမှုနှင့် နေရပ်စွန့်ခွာသွားသူများ ပြန်လည်နေရာချထားရေး လုပ်ငန်းများတွင် ပူးပေါင်းကူညီဆောင်ရွက်ပေးမှု၊ ICRC ဝန်ထမ်းများ၏ ပြည်ဝင်ဗီဇာ ကိစ္စရပ်များ အဆင်ပြေလွယ်ကူရေးအတွက် ဆောင်ရွက်ပေးမည့် အစီအစဉ်၊ လုပ်ငန်းများ ထိရောက်လျှင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဝန်ကြီးဌာနနှင့် ICRC တို့အကြား နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့တို့ တွေ့ဆုံညှိနှိုင်းဆောင်ရွက်နိုင်ရေး အခြေအနေများနှင့် လုပ်ငန်းအခက်အခဲများကို  ပံ့ပိုးကူညီဆောင်ရွက်ပေးမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။ 

 

သတင်းစဉ်