နေပြည်တော် ၁၀ စက်တင်ဘာ
မြန်မာ-တရုတ် စီးပွားရေးစင်္ကြံတည်ထောင်ရေးဆိုင်ရာ သယ်ယူပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းအဖွဲ့ ပထမအကြိမ်အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ ကျင်းပသည်။
အစည်းအဝေးတွင် မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ပို့ဆောင်ရေး အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
အစည်းအဝေးသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ဦးဝင်းခန့်နှင့် လုပ်ငန်းအဖွဲ့ဝင်များ၊ တရုတ်နိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စတာရှန်ဟောင်ဂျန်၊ တရုတ်နိုင်ငံ ရထားပို့ဆောင်ရေး ဦးစီးဌာန၊ ယူနန်ပြည်နယ် ပို့ဆောင်ရေးဦစီးဌာန၊ ယူနန်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်တို့ တာဝန်ရှိသူများနှင့် တက်ရောက်ကြသည်။
သတင်းစဉ်


