မန္တလေး ၁၀ စက်တင်ဘာ
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက နဝမမြောက် ဗန်းမော်ဆရာတော်ဘုရားကြီး၏ သက်တော်(၉၀) နဝရတ်ရတု မွေးနေ့ မင်္ဂလာအထိမ်းအမှတ်နှင့် သိက္ခာထပ်ပူဇော်ပွဲကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ ၇၃ လမ်း၊ ၃၈×၃၉ လမ်းကြားရှိ ဗန်းမော်ကျောင်းတိုက်၌ ကျင်းပသည်။
ရှေးဦးစွာ ဗန်းမော်ဆရာတော်ဘုရားကြီး၏ အသက်(၉၀ နဝရတ်ရတု မွေးနေ့ မင်္ဂလာအထိမ်းအမှတ်နှင့် သိက္ခာထပ်ပူဇော်ပွဲကို ကျင်းပကြသည်။
ယင်းနောက် ဗန်းမော်ဆရာတော် ဘုရားကြီးထံမှ ဧည့်ပရိတ်သတ် အပေါင်းက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး မိုးကုတ် သာမညစကြာတောင် ဆရာတော်က ပုံတူပြဒါးရုပ်တုအား ဗန်းမော်ဆရာတော်ကြီးထံ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းလျှောက်ထားသည်။
ယနေ့လှူဒါန်းခဲ့သည့် ဗန်းမော်ဆရာတော်ကြီး၏ ပုံတူပြဒါးရုပ်ရှင်တုအား မော်လမြိုင်မြို့၊ သာမညမိုးကုတ် သာမညစကြာတောင်ဆရာတော်မှ ငွေကျပ်သိန်း ၁၄၀ဝ ကျော်တန်ဖိုးရှိ ပြဒါး အရည်ပိဿာ ၆၅၀ ဖြင့် စီမံပြုလုပ်ခဲ့ကြောင်း သိရသည်။
ဇော်မင်းလတ်-MNA


