နေပြည်တော် ၁၀ စက်တင်ဘာ

 

ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများ ကြီးကြပ်မှုအဖွဲ့ (Broadcasting Governing Body-BGB) လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၅/၂၀၁၉)ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။

 

dfw

 

အစည်းအဝေးတွင် ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများ ကြီးကြပ်မှုအဖွဲ့ ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ယနေ့အစည်းအဝေးတွင် ပုံမှန်ဆွေးနွေးနေကျ စက်မှုပိုင်းဆိုင်ရာ၊ စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ၊ မူဝါဒပိုင်းဆိုင်ရာ ကိစ္စရပ်များကို တင်ပြဆွေးနွေးသွားကြမည် ဖြစ်ပါကြောင်း၊ ထို့ပြင် အောက်တိုဘာလ ၁ ရက်နေ့မှစ၍ တစ်နိုင်ငံလုံး ယူနီကုဒ်စနစ်ကို ပြောင်းလဲသုံးစွဲကြမည့် နိုင်ငံတော်အတွက် အလွန်အရေးကြီးသည့် စီမံချက်ကြီးတွင် BGB အဖွဲ့ဝင် မီဒီယာများအနေဖြင့် မည်သို့ ပါဝင်ကူညီဆောင်ရွက်နိုင်မည်ကိုပါ ထည့်သွင်းဆွေးနွေး သွားစေလိုပါကြောင်း ပြောကြားသည်။

 

fw4ef

 

ယင်းနောက် ဒုတိယဥက္ကဋ္ဌ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ယခင်ပြုလုပ်ခဲ့သည့် ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများ ကြီးကြပ်မှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုများကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ  ခေတ္တညွှန်ကြားရေးမှူး (ဘဏ္ဍာရေး) ဦးဇေယျာမင်းက ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ စက်မှုဌာနခွဲ၊ စီမံခန့်ခွဲရေးဌာနခွဲနှင့် အစည်းအဝေး တက်ရောက်လာကြသည့် FM ပုဂံ၊ ပတ္တမြား FM ၊ ချယ်ရီ FM ၊ ရွှေ FM ၊ Forever Group Co.,Ltd ၊ ရွှေသံလွင်မီဒီယာကုမ္ပဏီလီမိတက်၊ Family Entertainment Group ၊ Mizzima Media Company Limited ၊ DVB Multimedia Group Company Limited ၊ Fortune Broadcasting Company Limited ၊ KMA Tele Media Holdings Company Limited ၊ My Multi Media Group Company Limited တို့မှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့နေရသည့် စက်မှုပိုင်းဆိုင်ရာ၊ စီမံအုပ်ချုပ်မှုပိုင်းဆိုင်ရာ၊ မူဝါဒပိုင်းဆိုင်ရာ အခက်အခဲများကို တင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပေးသည်။ 

 

သတင်းစဉ်