နေပြည်တော် ၁၁ စက်တင်ဘာ


၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်နေ့၊ မြန်မာစံတော်ချိန် (ဝ၂)နာရီ၊ (၄၈)မိနစ်၊ (၄၈)စက္ကန့် အချိန်တွင် ပုသိမ်မြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၄၅)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဘိုကလေးမြို့၏ အနောက်-အနောက်တောင်ဘက် (၂၂)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၆.၂၁)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၈.ဝ၇) ဒီဂရီ၊ အနက် (၅၆)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာ ရရှိပါသည်။


မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန