ဝါရှင်တန် ၁၁ စက်တင်ဘာ 

 

၂၀၁၈  ခုနှစ်အတွင်း  ကမ္ဘာတစ်ဝန်းရှိ  မြို့တော်များတွင် နိုင်ငံခြားခရီးသွားများ ညအိပ်ညဉ့်နေ သွားရောက်မှုအရေအတွက် အများဆုံးမြို့မှာ ထိုင်းနိုင်ငံမြို့တော် ဗန်ကောက်မြို့ဖြစ်ကြောင်း   အမေရိကန်အကြွေးဝယ်ကတ် ကုမ္ပဏီတစ်ခုက  ထုတ်ပြန်သည့် နှစ်ပတ်လည်စစ်တမ်းတွင် ဖော်ပြသည်။

 

ခရီးသွားဦးရေ အရေအတွက်နှင့် ၎င်းတို့၏ ငွေကြေးသုံးစွဲသည့်အချက်အလက်များကို  အခြေခံ၍ ကမ္ဘာပေါ်ရှိ  မြို့ပေါင်း  ၂၀ဝ  ခန့်နှင့်ပတ်သက်၍      ထုတ်ပြန်သည့်      အမေရိကန်  အကြွေးဝယ်ကတ်ကုမ္ပဏီဖြစ်သည့်  မာစတာကတ်ကုမ္ပဏီ၏ နှစ်ပတ်လည်  အစီရင်ခံစာတွင် ဗန်ကောက်မြို့မှာ အဆင့်တစ်၌ ရပ်တည်ခဲ့ခြင်းဖြစ်သည်။

 

ထိုင်းနိုင်ငံ မြို့တော် ဗန်ကောက်သို့၂၀၁၈ ခုနှစ် အတွင်း၌  နိုင်ငံတကာ မှ  ညအိပ်ခရီးသွားဦးရေ ၂၂ ဒသမ ၈ သန်း လာရောက်ခဲ့ပြီး စစ်တမ်း ကောက်ယူခဲ့သည့်မြို့များ အားလုံးထဲတွင် အများဆုံးဖြစ်ခဲ့သည်။

 

ပြင်သစ်နိုင်ငံ မြို့တော်ပါရီနှင့် ဗြိတိန်နိုင်ငံ မြို့တော် လန်ဒန်တို့သည်ခရီးသွားလာရောက်မှုဦးရေ ၁၉ သန်း ကျော်ဖြင့် ဒုတိယနှင့် တတိယ နေရာများတွင် ရပ်တည်ခဲ့ကြသည်။

 

အာရပ်စော်ဘွားများ ပြည်ထောင်စု ဒူဘိုင်းမြို့သည် စတုတ္ထနေရာတွင် ရပ်တည်ခဲ့ပြီး ယင်းနောက်တွင် စင်ကာပူ၊ ကွာလာလမ်ပူမြို့တို့က ပဉ္စမနှင့် ဆဋ္ဌမနေရာတွင်ရှိပြီး အမေရိကန်ပြည်ထောင်စုမှ နယူးယောက်မြို့မှာ သတ္တမနေရာတွင်ရှိပြီး တူရကီနိုင်ငံမှ အစ္စတန်ဘူမှာ အဋ္ဌမနေရာတွင်ရှိကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ၊
ဘာသာပြန်-ဇော်ဝင်း