လေးမျက်နှာ ၁၁ စက်တင်ဘာ
လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို ) အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့ သည်။
အဆိုပါ ကျပန်းစကားပြော ပြိုင်ပွဲတွင် မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်ခင်ဝေဝေမြင့်က ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အကဲဖြတ်ဒိုင်အဖွဲ့မှ ကျောင်းအုပ်ဆရာကြီး ဦးအောင်ကိုကိုက ပြိုင်ပွဲစည်းကမ်းများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကျောင်းသား၊ ကျောင်းသူများက ခေါင်းစဉ်များကို မဲနှိုက်၍ မိမိကြရာ ခေါင်းစဉ်အလိုက် ဆက်လက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲကို လေးမျက်နှာမြို့နယ် အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၁၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
ရွှေမိုး(ပြန်ဆက်)


