ဓနုဖြူ  ၁၁  စက်တင်ဘာ 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အကျော်ကျေးရွာအုပ်စု၊ အ.ထ.က(ခွဲ)အကျော်၊ ရွက်လှဆောင်တွင် စက်တင်ဘာ  ၁၀ ရက် နံနက် ၁၀ နာရီက အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကျင်းပခဲ့သည်။


ဦးစွာ ပြည်သူ့စကားဝိုင်းတွင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးမြင့်ကျော်မှ အဖွင့်အမှာစကား ပြောကြားပေးခဲ့သည်။


အဆိုပါပြည်သူ့စကားဝိုင်းတွင်  မြို့မစခန်းမှူး ဒုရဲမှူးတင်ဝင်းအောင်မှ အမျိုးသမီးများလူကုန်ကူးခံရမှုများ၊ သက်ငယ်မုဒိမ်းမှုများဖြစ်ပွားနေမှုဖြစ်စဉ်များအားလည်းကောင်း၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆင့်က ဌာနအနေဖြင့် အမျိုးသမီးများအတွက် လုပ်ဆောင်ပေးနေမှုများ၊ ကာကွယ်စောင့်ရှောက်မှုများအားလည်းကောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးမွန်မှ အမျိုးသမီးများ တန်းတူညီမျှအခွင့်အရေးနှင့် ပတ်သက်သည်များအားလည်းကောင်း၊ တရားလွှတ်တော်ရှေ့နေ ဒေါ်ယဉ်ယဉ်သန်းက အမျိုးသမီးများအတွက် ဥပဒေရေးရာအကြောင်းအရာများအားလည်းကောင်း၊ မြို့နယ်အမျိုးသမီးရေးရာ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ကျော် မှ အမျိုးသမီးများဘဝလုံခြုံရေးနှင့် ကာကွယ်စောင့်ရှောက်မှုဆိုင်ရာများအား လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြသည်။


ထို့နောက် တက်ရောက်လာသော ကျောင်းသူများက သိရှိလိုသည်များမေးမြန်းရာ တာဝန်ရှိသူများမှ သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။ 


အောင်သူဟိဏ်း(ဓနုဖြူ)