မင်းတပ်    ၁၁     စက်တင်ဘာ        


၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအတွက် မင်းတပ်ခရိုင်အတွင်း အခြေခံမဲဆန္ဒရှင်စာရင်း ကောက်ယူပြုစုခြင်း ကွန်ပျူတာအတွင်း ထည့်သွင်းမှု ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း လက်ထောက် ညွှန်ကြားရေးမှူး ဦးစောထွန်း မင်းတပ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။


၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအတွက် မင်းတပ်ခရိုင်အတွင်း အခြေခံမဲဆန္ဒရှင်စာရင်း ကောက်ယူပြုစုခြင်းကို သြဂုတ် ၂ ရက်မှ စက်တင်ဘာ ၉ ရက်အထိ ကောက်ယူပြုစုရာ အသက်(၁၈) နှစ်အထက် မဲပေးပိုင်ခွင့်ရှိသူ မင်းတပ်မြို့နယ်တွင် ၃၀၅၃၄ ဦး၊ ကန်ပက်လက်မြို့နယ်တွင် ၁၄၂၃၃ ဦး၊ မတူပီမြို့နယ်တွင် ၃၉၄၁၄ ဦး၊ ပလက်ဝမြို့နယ်တွင် ၆၃၈၀၈ ဦးရှိကြောင်း သိရသည်။


ခွီရှိန်း