ချောင်းဆုံ    ၁၁   စက်တင်ဘာ         


မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် အတွင်းရှိ ကျေးရွာများတွင် သဘာဝဘေး အန္တရာယ်နှင့် ကြုံတွေ့လာပါက ကြိုတင်ပြင်ဆင်နိုင်မှုများ ရရှိနိုင်ရန်အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနက ကျင်းပပြုလုပ်သည့် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းအမှတ်စဉ် (၃/၂၀၁၉)ကို ယနေ့နံနက်ပိုင်းက ချောင်းဆုံမြို့ ကျွန်းသာယာခန်းမတွင် ကျင်းပ သည်။    


အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးထွန်းအောင်ကျော်က အဖွင့်အမှာစကား ပြောကြားပြီး မွန်ပြည်နယ်ဘေး/စီမံ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသောင်းရွှေက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားသည်။ အဆိုပါသင်တန်းတွင် သဘာဝအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေနှင့် ရာသီဉတုပြောင်းလဲမှု၏ သက်ရောက်မှုများ၊ ထိခိုက်ဆုံးရှုံးနိုင်ခြေ အကဲဖြတ်လေ့လာမှုများ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုတွင် ကျန်းမာရေးစောင့်ရှောက်မှုအခန်းကဏ္ဍ၊ မီးဘေးအန္တရာယ်များအကြောင်း စသည့် သဘာဝဘေးနှင့် ပတ်သက်မှုများကို ကျေးရွာအုပ်စုများရှိ သင်တန်းသား (၃၀)ဦးတို့အား သင်တန်းနည်းပြ(၅)ဦးတို့မှ (၃)ရက်ကြာသင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။


မြို့နယ်(ပြန်/ဆက်)