ဟားခါး ၁၁ စက်တင်ဘာ
ဟားခါး-ဖလမ်း-ကလေးလမ်း (၁၇၉)ကီလိုမီတာမှ (၁၈၀)ကီလိုမီတာအကြားတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စက်တင်ဘာ ၁၁ ရက် နံနက် ၆နာရီက အလျား ၄၁ မီတာ၊ အနံ (၁၂.၅)မီတာ၊ အမြင့်(၁၀.၅)မီတာရှိသော ကျောက်တောင်ပြိုကျမှုကြောင့် ခေတ္တလမ်းပြတ်တောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောက်တောင်ပြိုကျမှုကြောင့် လမ်းပြတ်တောက်မှုကို မြို့နယ်လမ်းဦးစီးဌာနမှ ဦးဆောင်ကာ စက်ကြီးများ၊ လူအင်အားများအသုံးပြု၍ နံနက် ၆နာရီခွဲမှ စတင်ဖယ်ရှားရာ နံနက် ၇နာရီခွဲတွင် ဆိုင်ကယ်လမ်းဖွင့်နိုင်ခဲ့ပြီး နံနက်၁၀နာရီတွင် ယာဉ်ငယ်လမ်းများသွားလာနိုင်ကာ ညနေ ၅နာရီခန့်တွင် ယာဉ်ကြီးများ သွားလာနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်လမ်းဦးစီးဌာနမှ သိရှိရသည်။
ခရိုင်(ပြန်/ဆက်)


