နေပြည်တော် ၁၁ စက်တင်ဘာ 

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံအမတ်ကြီး Mr. Daniel Patrick Chugg အား ယနေ့ နံနက် ၁၀ နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေမှု၊ မြန်မာနိုင်ငံအတွင်း ပဋိပက္ခဖြစ်ပွားသည့် ဒေသများ၌ တိုက်ပွဲရှောင် ပြည်သူများအတွက် စားနပ်ရိက္ခာနှင့် တန်ဖိုးနည်းအိမ်ရာများ ဆောင်ရွက်ပေးမှု၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် IDP စခန်းများ ပိတ်သိမ်းနိုင်ရေးကိစ္စ၊ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံရေးနှင့် နေရာချထားရေးဆိုင်ရာကိစ္စ၊ မူးယစ်ဆေးဝါးပပျောက်ရေးအတွက် အစားထိုး စိုက်ပျိုးရေးနှင့် ဖွံ့ဖြိုးမှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု၊ ဗြိတိန်နိုင်ငံနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနတို့၏ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အကျိုးရလဒ်များနှင့် ရှေ့ဆက်လက်ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

သတင်းစဉ်