နေပြည်တော် ၁၁ စက်တင်ဘာ 

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်လုပ်ကိုင်နိုင်သူ တစ်ဦးချင်းဝင်ငွေ တိုးပွားစေရေးအတွက် ရည်ရွယ်၍ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေးအတွက် ပြည်ပသို့တရားဝင် စေလွှတ်ခြင်းနှင့် ပြည်တွင်းအလုပ်အကိုင်များ ရှာဖွေပေးခြင်းတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်တွင်းအလုပ်အကိုင်ရရှိရေးကို ဦးစားပေးဆောင်ရွက်ပေးခဲ့ပြီး သင့်တော်ကောင်းမွန်သည့် အလုပ်အကိုင်များရရှိစေရေးနှင့် အလုပ်ရှင်များအတွက်လည်း အလုပ်သမား လုံလောက်စွာခန့်အပ်ထားရှိရန် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများတွင် LabourExchange Management System ဖြင့် Online မှဆောင်ရွက်ပေးခြင်းတို့အား လုပ်ဆောင်လျက်ရှိရာ ၂၀၁၉ ခုနှစ် ဩဂုတ်လအတွင်း ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အလုပ်ရရှိမှုမှာ အစိုးရအလုပ် ၆၁၆ ဉီးနှင့် ပုဂ္ဂလိက ၂၈၃၆၆ ဉီး ပေါင်း ၂၈၉၈၂ ဉီးကို အလုပ်အကိုင် ရှာဖွေပေးနိုင်ခဲ့သည်။

၂၀၁၉ ခုနှစ်၊ ဩဂုတ်လအတွင်း နိုင်ငံအလိုက် ပြည်ပအလုပ်အကိုင် ရရှိမှုအနေဖြင့်  မလေးရှားနိုင်ငံသို့ ၇၈၆၆ ဉီး၊ စင်ကာပူနိုင်ငံသို့ ၂၃ ဉီး၊ ကိုရီးယားနိုင်ငံသို့ ၃၉၂ ဉီး၊ ထိုင်းနိုင်ငံသို့  ၂၄၅၈၃ ဉီး၊ ဂျပန်နိုင်ငံသို့ ၇၆၁ ဉီး၊ ယူအေအီးနိုင်ငံသို့ ၂၉ ဉီး၊ ဂျော်ဒန်နိုင်ငံသို့ ၁၄၁ ဉီး၊ ကာတာနိုင်ငံသို့ ၁၀ ဉီး စုစုပေါင်း ၃၃၈၀၅ ဦးတို့ ပြည်ပအလုပ်အကိုင် ရှာဖွေပေးနိုင်ခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်