တိုက်ကြီး ၁၁ စက်တင်ဘာ

 

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်  တိုက်ကြီးမြို့နယ်  ဂေါ့ကျေးရွာအုပ်စု  သနပ်ကုန်းကျေးရွာတွင် ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်အတွင်း NEP(ICB-3) ဆိုလာမီးလင်းရေးလုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တစ်အိမ်သုံး ဆိုလာမီးလင်းရေးလုပ်ငန်းအတွက် ပြည်သူအချိုးကျ ထည့်ဝင်ငွေဖြင့် (60 W)လျှင် ကျပ် ၅၀ဝ၀ဝ နှင့် (100 W)လျှင် ကျပ် ၁၅၀ဝ၀ဝ ဖြင့် အကောင်ထည်ဖော်  ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျောင်း၊ ဆေးပေးခန်း၊ လမ်းမီး၊ ဘာသာရေး အဆောက်အဦများအတွက် စီမံကိန်းမှ ထောက်ပံ့ပေးသွားမည်ဖြစ်ကာ သနပ်ကုန်းကျေးရွာအတွက်  NEP(ICB-3) စီမံကိန်း တစ်အိမ်သုံးဆိုလာ  မီလင်းရေးလုပ်ငန်း ဆောင်ရွက်ရန် ဆိုလာနှင့်ဆက်စပ်ပစ္စည်းများ တိုက်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

 

ထွန်းထွန်း