နေပြည်တော် ၁၁ စက်တင်ဘာ
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး Mr. Daniel Patrick Chugg နှင့် ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ဝန်ကြီးရုံး၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-ဗြိတိန်နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ၊ ဗြိတိန်နိုင်ငံမှ မြန်မာနိုင်ငံတွင် လာရောက်လုပ်ကိုင်သည့် အသက်အာမခံလုပ်ငန်းနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ အခွင့်အလမ်းများ၊ Project Bank နှင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (PPP) ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။
သတင်းစဉ်


