နေပြည်တော် ၁၁ စက်တင်ဘာ 


ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးတို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်သည့် New Media Training and Discussion သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


 

ိ်္နတ


အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က  နိုင်ငံပိုင်မီဒီယာများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်  ပုဂ္ဂလိကမီဒီယာများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် စဉ်းစားသည့် အခါ New Media ၏ အရေးပါပုံကို မြင်ရပါကြောင်း၊ New Media သည် လျင်မြန်ခြင်း၊ ပျံ့နှံ့မှုနှုန်း လွယ်ကူမြန်ဆန်ခြင်း၊ သတင်းပမာဏများစွာကို တစ်ပြိုင်နက်ဖြန့်ချိနိုင်ခြင်းနှင့် ထုထည်ပမာဏ၊ နယ်နိမိတ်နှင့် အချိန်ကန့်သတ်ချက်များကို ကျော်လွှားနိုင်ပါကြောင်း၊ သတင်းနှင့်ပတ်သက်၍ မြန်ဆန်မှုသည် New Media ၏ အရေးကြီးသည့် လက္ခဏာ တစ်ရပ်ဖြစ်ပါကြောင်း၊ ထို့ကြောင့်  သမားရိုးကျမီဒီယာမှ New Media သို့ ပြောင်းလဲကြရမည်ဖြစ်ပါကြောင်း။


 

ါိ၄


မိမိတို့အနေဖြင့် ပြောင်းလဲရန်ကြိုးပမ်းနေသည့်ကာလ၌ တစ်ဖက်တွင် သတင်းဖတ်ရှုသူများအနေဖြင့် New Media ကို တွင်ကျယ်စွာ အသုံးပြုနေကြပြီဖြစ်ပါကြောင်း၊ New Media တွင် ရေးသားဖော်ပြမှုများ၏ ကောင်းကျိုးများနှင့် ဆိုးကျိုးများကို ရောနှောသုံးစွဲနေချိန်တွင် ဆိုးကျိုးများကိုသာ ထောက်ပြကာကွယ်တားဆီးနေရုံဖြင့် မပြီးဘဲ မိမိတို့ကိုယ်တိုင် New Media မှ သတင်းမှန်များဖြင့် အများပြည်သူအတွက် အကျိုးပြုသည့်သတင်းများကို ထိထိရောက်ရောက် ဖြန့်ချိပေးနိုင်ရန် ကြိုးပမ်းသွားကြရမည်ဖြစ်ပါကြောင်း။

 

မီဒီယာသည် အသွင်သဏ္ဌာန်နှင့် နည်းပညာများပြောင်းလဲလာသည်နှင့်အမျှ ထုတ်လုပ်ရမည့်ပုံသဏ္ဍာန်များသည် မလွဲမသွေပြောင်းလဲကြရမည် ဖြစ်ပါကြောင်း၊ အများပြည်သူကို မှန်ကန်သည့် သတင်းအချက်အလက်များ ပေးနိုင်ရေး၊ အများပြည်သူ အသိပညာဖွံ့ဖြိုးတိုးတက်ရေး၊ အများပြည်သူကို သန့်ရှင်းသည့် ဖျော်ဖြေမှုများပေးနိုင်ရေးသည် နိုင်ငံပိုင်မီဒီယာများ၏ ရည်ရွယ်ချက်များဖြစ်ပြီး ပြောင်းလဲသွားမည်မဟုတ်ပါကြောင်း၊ အဆိုပါ ရည်ရွယ်ချက်များ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မီဒီယာဆိုင်ရာ နည်းပညာအသစ်များကို ကြိုးပမ်းသင်ယူလေ့ကျင့်ခြင်းသည်သာလျှင် ယနေ့သင်တန်း၏ ဦးတည်ချက်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် Minister Counsellor လီရှောင်ရန်က နှုတ်ခွန်းဆက်စကားပြောကြားသည်။


 

ိ်၄္


အဆိုပါသင်တန်းကို စက်တင်ဘာ ၁၂ ရက်အထိ နှစ်ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်သည်။

 

အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ညွှန်ကြားရေးမှူးချုပ်များ ၊ ဦးဆောင်ညွှန်ကြားရေးမှူး၊  မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှတာဝန်ရှိသူများ၊ နည်းပြများ၊ ပြန်ကြားရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများနှင့် လုပ်ငန်းတို့မှ သင်တန်းသားသင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

 

သတင်းစဉ်