ပေါက် ၁၂ စက်တင်ဘာ
ပေါက်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော မွေးမြူရေးဆိုင်ရာ တိရစ္ဆာန်ကျန်းမာရေးလုပ်သား (CAHW)မွမ်းမံသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရွှေပေါက်ပင်ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မွေးမြူရေးကဏ္ဍကလည်း အဓိကလိုအပ်ကြောင်း ပြောကြားပြီး မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာစိန်ဝင်းက သားငါးကဏ္ဍ ပိုမိုထုတ်လုပ်နိုင်ရန်နှင့် မိမိတို့၏ ကျန်းမာရေးလုပ်သားများအနေဖြင့် တိရစ္ဆာန်ကျန်းမာရေးအတွက် ကျေးရွာကွင်းဆင်းကုသရာတွင် ပိုမိုထိရောက်တဲ့ ကုသမှုတွေဆောင်ရွက်နိုင်ရန်အတွက် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယခုသင်တန်းတွင် သင်တန်းဆရာအဖြစ် မြို့နယ်ဦးစီးမှူး၊ ဒုတိယမြို့နယ်ဦးစီးမှူးဒေါက်တာပြည့်ဖြိုးအောင်နှင့် ပန်းခြူခြူအောင်တို့က အာဖရိကဝက်အပြင်ဖျားရောဂါ၊ ဝက်နားရွက် ပြာရောဂါ၊ ခွာနာလျှာနာရောဂါ အစရှိသောရောဂါများအ ကြောင်းကို စာတွေ့လက်တွေ့ (၅)ရက်ကြာ သင်ကြားပေးသွားမည်ဖြစ်ပြီးသင်တန်းသား(၂၀) လေ့လာသင်ယူခဲ့ကြောင်း သိရသည်။
ဉာဏ်တိုး(ပေါက်)


