လှည်းကူး ၁၂ စက်တင်ဘာ
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်အတွင်း ငါးသံယံဇာတ တိုးပွားလာစေရေးနှင့် ဒေသခံတောင်သူများ စပါးအပြင် ငါးများမွေးမြူခြင်းဖြင့် ဝင်ငွေတိုးပွားလာစေရန်အတွက် ငါးမျိုးစိုက်ထည့်ခြင်းကို အင်းစိန်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ဦးဆောင်မှုဖြင့် စက်တင်ဘာ ၁၁ ရက် နံနက် ၁၀ နာရီက လှည်းကူးမြို့နယ် အဝိုင်း အနောက်ကျေးရွာအုပ်စု၊ အဝိုင်းအနောက်ကျေးရွာရှိ တောင်သူ ၇ ဦး၏ စိုက်ပျိုးလယ်ဧက ၁၀ဝ အတွင်းရှိ ကွင်းအမှတ် ၁၀၄၆(က)၊ ၁၀၄၆(ခ)နှင့် ၁၀၄၆(ဂ)တို့တွင် ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။
အဆိုပါ ငါးမျိုးစိုက်ထည့်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးအောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အင်းစိန်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်နိုင်လင်းနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်စွာဟိန်းနှင့်အဖွဲ့ဝင်များ၊ ဒေသခံတောင်သူများစုပေါင်း၍ တောင်သူ(၇)ဦးတို့၏ စိုက်ပျိုးလယ်ဧက(၁၀ဝ)အတွင်းသို့ ငါးခုံးမကြီးသားပေါက်နှင့် တောင်ပေါ်ငါးသလောက် စုစုပေါင်းငါးကောင်ရေ ငါးသောင်းတို့ကို စိုက်ထည့်ပေးခဲ့ကြကြောင်း သိရသည်။
နိုင်လင်း(လှည်းကူး)


