နေပြည်တော် ၁၂  စက်တင်ဘာ 


(၅၅)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အား ကြိုဆိုသောအားဖြင့် ယမန်နေ့နံနက် ၁၀ နာရီတွင် မှုခင်းရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ရဲမှူးချုပ် စိုးနိုင်ဦး၏ ကြီးကြပ်မှုဖြင့် တပ်ဖွဲ့ဝင်အမျိုးသား၊ အမျိုးသမီး ၃၂ ဦးတို့သည် နေပြည်တော် ခုတင် (၁၀ဝ၀) ဆေးရုံကြီး သွေးလှူဘဏ်တွင် (၅)ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းကြသည်။


သွေးလှူဒါန်းပွဲသို့ မှုခင်းရဲတပ်ဖွဲ့၊ မှုခင်းသိပ္ပံနှင့် လေ့ကျင့်ရေးဌာနမှူး ယာယီရဲမှူးကြီး ကျော်ဝင်း၊ လက်နက်ခဲယမ်းနှင့် ပေါက်ကွဲမှုစစ်ဆေးရေးဌာနမှူး ယာယီ ရဲမှူးကြီး သန်းထွန်းအောင်နှင့် အရာရှိကြီးများက လာရောက်ကြည့်ရှု အားပေးခဲ့ကြပြီး သွေးလှူဒါန်းကြသည့် တပ်ဖွဲ့ဝင်များအား အာဟာရ ဖြည့်စားသောက်ဖွယ်ရာများထောက်ပံ့ကျွေးမွေးခဲ့ကြောင်း သိရသည်။


(သတင်းစဉ်)