ဖလမ်း        ၁၂      စက်တင်ဘာ    


ဖလမ်းမြို့နယ် ဒေသဖွံ့ဖြိုးရေးအတွက် ဝေါလ်ဗီရှင်-မြန်မာ(ဖလမ်း)၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းဆောင်ရွက်မှုများအား ပြန်လည်တင်ပြခြင်းနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် လူထုအခြေပြုစီမံကိန်းများအား အသိပေးတင်ပြခြင်းနှင့် အတည်ပြုခြင်းကို ဖလမ်းမြို့၊ YCC ခန်းမ၌ စက်တင်ဘာ ၁၂ ရက် နံနက် ၁၀ နာရီက ပြုလုပ်သည်။


ရှေးဦးစွာ ဖလမ်းခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းက အမှာစကားပြောကြားသည်။ ထို့နောက် ဖလမ်းဒေသဖွံ့ဖြိုးရေးစီမံကိန်း မန်နေဂျာ ဦးနန်ဆွမ်းမုန်က ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ဝေါလ်ဗီရှင်က ဖလမ်းမြို့နယ်အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအား ရှင်းလင်းပြီး ကလေးသူငယ် အခွင့်အရေးနှင့် ပါဝင်ဆောင်ရွက်ရေးဆိုင်ရာ တာဝန်ခံ ဦးလားရိုနွန်းနာက ဖလမ်းဒေသဖွံ့ဖြိုးရေး စီမံကိန်းအတွင်း ကလေးသူငယ်အရေး အရာကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြသည်။


ဆက်လက်၍ ဝေါလ်ဗီရှင်-မြန်မာက ကျေးရွာအတွက် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအနက် ရမ်ထလိုကျေးရွာနှင့် ထူးထုံကျေးရွာများမှ တာဝန်ရှိသူများက ကျေးဇူးတင်စကားပြန်လည်ပြောကြား သည်။


ဝေါလ်ဗီရှင်-မြန်မာ(ဖလမ်း)က ဖလမ်းမြို့နယ်တွင် ကလေးသူငယ်ဖွံ့ဖြိုးရေးနှင့် ကျေးရွာအခြေပြုအဖွဲ့များ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်း စီမံကိန်း၊ ကလေးသူငယ်ကာကွယ် စောင့်ရှောက် ရေးစီမံကိန်း၊ ကျန်းမာရေး စီမံကိန်းနှင့် စိုက်/မွေးအခြေခံသော မိသားစု အသက်မွေးဝမ်းကျောင်း စီမံကိန်းလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိကြောင်းသိရသည်။


ခရိုင်ပြန်/ဆက်