နေပြည်တော် ၁၂ စက်တင်ဘာ
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ဟောင်ကောင်အထူး အုပ်ချုပ်ရေး ဒေသအခြေစိုက် Hague Conference on Private International Law(HCCH) ၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာရုံးခွဲမှ အတွင်းရေးမှူးချုပ် Dr. Christophe Bernasconi နှင့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အထောက်အကူပြုမည်ဖြစ်သော ပုဂ္ဂလိကအပြည်ပြည်ဆိုင်ရာဥပဒေ (Private International Law) နှင့် စပ်လျဉ်းသည့်ကိစ္စ၊ အပြည်ပြည်ဆိုင်ရာ တရားမနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ တရားစွဲဆိုခြင်းတို့နှင့် စပ်လျဉ်းသည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် HCCH နှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့အကြား ပူးပေါင်းဆောင်ရွက်မည့်ကိစ္စ၊ HCCH သဘောတူစာချုပ်များသို့ မြန်မာနိုင်ငံမှ အဖွဲ့ဝင်အဖြစ်ဝင်ရောက်ရေးနှင့် စပ်လျဉ်းသည့် သဘောထားအမြင်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်


