ရန်ကုန် ၁၂ စတင်ဘာ
အိန္ဒိယနိုင်ငံ၏ အကြီးဆုံးလေကြောင်းလိုင်းဖြစ်သည့် IndiGo ၏ ရန်ကုန် - ကာလကတ္တား ခရီးစဉ်များကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ စက်တင်ဘာ(၂၀)ရက်မှ စတင်ပြေးဆွဲပျံသန်းမည်ဖြစ်သည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ စတင်ပြေးဆွဲပျံသန်းလာသည့်အတွက် ကြိုဆိုခြင်း ဂုဏ်ပြုအခမ်းအနားကို လေဆိပ် Terminal-1 သုံးလွှာ ၌ ၎င်းလေယာဉ်ရောက်ရှိလာမည့် ရက် မွန်းလွဲ ၂ နာရီ မှ ၄ နာရီ မိနစ် ၂၀ အထိ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် Terminal 1 ၊ သုံးလွှာ၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါဖွင့်ပွဲ အခမ်းအနားကို ဝန်ကြီးများနှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ IndiGo လေကြောင်းလိုင်းမှ တာဝန်ရှိသူများ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှလေကြောင်းလိုင်း တာဝန်ရှိသူများ တက်ရောက်ဂုဏ်ပြုကြမည်ဖြစ်သည်။
အခမ်းအနားအပြီးတွင် IndiGo လေကြောင်းလိုင်းမှ တာဝန်ရှိသူများအား ခရီးစဉ်သစ်နှင့်ပက်သတ်၍ မေးမြန်းခွင့်ရရှိမည်ဖြစ်သောကြောင့် မီဒီယာများ သတင်းတက်ရောက်ယူနိုင်ကြောင်းလည်း သိရသည်။
မျိုးမင်းသိန်း(မရမ်းကုန်း)


