နေပြည်တော် ၁၃ စက်တင်ဘာ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး Mr. Ichiro MARUYAMA နှင့်အဖွဲ့အား ယနေ့နံနက် ၉ နာရီ တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အနာဂတ်တွင် ဆက်လက်ဆောင်ရွက်သွားမည့် စီမံကိန်းများတွင် ဂျပန်နိုင်ငံမှ ပူးပေါင်း ဆောင်ရွက်မည့် ကဏ္ဍများနှင့် ပတ်သက်၍ နှစ်ဖက်ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)


