ရန်ကုန် ၁၃ စက်တင်ဘာ
လေ့ကျင့်ရေးကျောင်းတွင် ဖွင့်လှစ်ခဲ့သည့် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းများ ဖြစ်သည့် ဘဏ္ဍာရေးစည်းမျဉ်း အထူးသင်တန်း အမှတ်စဉ်(၃၀)နှင့် ပစ္စည်းထိန်း သင်တန်းအမှတ်စဉ် (၇)၊ သင်တန်းများ ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ ဗဟိုလေ့ကျင့်ရေးကျောင်းတွင် ကျင်းပသည်။
သင်တန်းဆင်းပွဲ အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းဌေး တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားပြီး သင်တန်းထူးချွန်ဆုများနှင့် သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်သည်။
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပညာရေးနှင့်လေ့ ကျင့်ရေးဦးစီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့မှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၉၀)ဦးဖြင့် ဖွင့်လှစ်လေ့ကျင့် သင်ကြားပေးခဲ့ပြီး သင်တန်းကာလမှာ သြဂုတ် ၅ ရက်မှ စက်တင်ဘာ ၁၃ ရက်အထိ (ရက်သတ္တခြောက်ပတ်) ကြာမြင့်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


