ရှားတော ၁၃ စက်တင်ဘာ
ကယားပြည်နယ် ရှားတောမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သော လူမှုရေးပင်စင်ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးဇေယျာဦးနှင့်အဖွဲ့က စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းမှစတင်ကာ ပေးအပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ရှားတောမြို့နယ်အတွင်းရှိ မြို့ပါ်ရပ်ကွက်တွင် ရှစ်ဦး၊ အလယ်ပိုင်းကျေးရွာအုပ်စုတွင် တစ်ဦးနှင့် မြောက်ပိုင်းကျေးရွာအုပ်စုတွင် သုံးဦး စုစုပေါင်း(၁၂)ဦး သွားရောက်ထောက်ပံ့ပေးအပ်လျက်ရှိရာ စတုတ္ထ(၃)လပတ်အတွက် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ၃၀ဝ၀ဝ နှုန်းဖြင့် (၁၂)ဦးအတွက် ငွေကျပ် ၃၆၀ဝ၀ဝ ပေးအပ်လျက်ရှိကြောင်း သိရသည်။
ထွန်းအောင်(ပြန်/ဆက်)


