နေပြည်တော်  ၁၃  စက်တင်ဘာ 
    

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းနှင့် မွန်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးမင်းကျော်လွင်တို့သည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ သမိုင်းဝင် ကျိုက်သလ္လံစေတီတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဆောင်ရွက်နေသော တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။


တည်ဆောက်ရေးလုပ်ငန်းများကိုအပိုင်း (၄) ပိုင်းသတ်မှတ်၍ ဆောင်ရွက်နေသဖြင့် ပထမဦးစွာ ဇုန်အမှတ်(၁)တွင် Bored Pile အုတ်မြစ်ဖြင့် Retaining Wall ဆောင်ရွက်ထားရှိမှု၊ Ground Beam ဆောင်ရွက်ထားရှိမှု ၊ Erosion Control Matt များခင်း၍ Grib Beam များသံဆင်ပြီး ကွန်ကရစ်လောင်းထားမှုနှင့် Ground Anchor များ Installation ဆောင်ရွက်နေမှု၊ တည်ဆောက်ရေးဇုန်အမှတ် (၂) တွင် Ground Beam များတည်ဆောက်ထားမှုနှင့် Soil Nailing ဆောင်ရွက်နေမှု၊ တည်ဆောက်ရေးဇုန် အမှတ် (၃) တွင် Grib Beam များနှင့် Soil Nailing ဆောင်ရွက်နေမှု၊ တည်ဆောက်ရေးဇုန် အမှတ် (၄) တွင် Ground Beam နှင့် Ground Anchor များ အား ဆောင်ရွက်နေမှုနှင့် ဘုရားရင်ပြင်ပေါ် တည်ငြိမ်မှုအခြေအနေကို Monitoring ဆောင်ရွက် ထားမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။


ယခုအခါ ဘုရားကုန်းတော် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိရာ ဇုန်အမှတ်(၁)တွင် ၅၃ ရာခိုင်နှုန်း ၊ ဇုန်အမှတ်(၂)တွင် ၄၇ ရာခိုင်နှုန်း ၊ ဇုန်အမှတ်(၃) တွင် ၁၅ ရာခိုင်နှုန်း နှင့် ဇုန်အမှတ်(၄)တွင် ၁၇ ရာခိုင်နှုန်း ၊ ပြီးစီးနေပြီး တည်ဆောက်ရေးလုပ်ငန်းတစ်ခုလုံး အနေဖြင့် ၃၅ ရာခိုင်နှုန်း ပြီးစီးနေကြောင်း သိရှိရသည်။ 
    

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မော်လမြိုင်မြို့တွင် အဆောက်အဦအထူးအဖွဲ့(၁၃) မှ တာဝန်ယူတည်ဆောက်နေသောမွန်ပြည်နယ် တရားလွှတ်တော်အဆောက်အဦ တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိခဲ့ရာ တည်ဆောက်ရေးတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ)မှ အဆောက် အဦဆောက်လုပ်ပြီးစီးမှုနှင့် ရန်ပုံငွေရရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အဆောက်အဦအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒုတိယ ဝန်ကြီးက အဆောက်အဦ၏လုပ်ငန်းများကို စနစ်ကျကောင်းမွန်သေသပ်စွာဆောင်ရွက်ပြီး အရည် အသွေးပြည့်ဝစွာဆောင်ရွက်သွားကြရန် မှာကြားသည်။ ပြည်နယ်လွှတ်တော် အဆောက်အဦမှာ (၂၄၀’) x (၂၄၀’) သံကူကွန်ကရစ် (၃)ထပ် အဆောက်အဦဖြစ်ပြီးယခုအခါ လုပ်ငန်းတစ်ခုလုံး၏ ၄၄% ပြီးစီးနေကြောင်း သိရသည်။ 


သတင်းစဉ်