သုံးခွ ၁၄ စက်တင်ဘာ
ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းခရိုင် သုံးခွမြို့အမှတ်(၃)ရပ်ကွက်အောင်သပြေလမ်းရှိ အများပြည်သူ သောက်သုံးရေ အသုံးပြုနေသောကန်ညီနောင်ရေကန်ကြီးအား မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ယမန်နေ့မွန်းလွဲ ၁ နာရီက ဒိုက်၊ အမှိုက်များရှင်းလင်းလျက်ရှိကြောင်း သိရသည်။
ယင်းသို့ပြုလုပ်ရာတွင် သုံးခွမြို့နယ်မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူးဦးဝေယံအောင်ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်နှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်း၍ ရေကန်ကြီး သန့်ရှင်းသာယာလှပစေရေး၊ ကျန်းမာရေးနှင့်ညီညွတ်သော သောက်သုံးရေရရှိစေရေးအတွက် ကန်အတွင်းရှိ ဒိုက်၊အမှိုက်များ ရှင်းလင်းဖယ်ရှား သန့်ရှင်းရေးပြုလုပ်ပေးခဲ့ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရှိရသည်။
MDN


