မင်းလှ  ၁၄  စက်တင်ဘာ 

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင်   တောင်ကျချောင်းရေများကျဆင်းသွား၍ စက်တင်ဘာ ၁၄ ရက်က  စာသင်ကျောင်းများအားလုံး ပုံမှန်အတိုင်းဖွင့်လှစ် သင်ကြားလျက်ရှိကြာင်း သိရသည်။

အဆိုပါရေများကျဆင်းသွား၍ ယာယီပိတ်ထားသော ကျောင်း(၂၇)ကျောင်းနှင့်မြို့နယ်အတွင်းရှိ ကျောင်းများအားလုံးပုံမှန်အတိုင်း ဖွင့်လှစ်သင်ကြားပေးနေကြောင်း၊ ယာယီကျောင်းပိတ်ရက်များ အတွက် အစားထိုး ပြန်လည်သင်ကြား ပေးမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ကားလမ်းမပေါ်နှင့် ရပ်ကွက်ကျေးရွာများတွင် ရေကျော်ခြင်းနှင့် ရေဝင်ရောက်ခြင်းမ ရှိတော့သည့်အတွက် ပုံမှန်အတိုင်း သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

ပေါက်စ (မင်းလှ)