ကန့်ဘလူ ၁၄ စက်တင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ အမှတ်(၅)ရပ်ကွက် အခြေခံအလယ်တန်းကျောင်း၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မိခင်သေဆုံးမှုလျှော့ချရေး အသိပညာပေးဟောပြောခြင်းနှင့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို စက်တင်ဘာ ၁၃ ရက် နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

 

ေ

 

အခမ်းအနားတွင် အလကကျောင်းအုပ်ဆရာမကြီး ဒေါ်ထားအိသော်ကအမှာစကားပြောကြားပြီး ခုတင် ၁၀ဝ ဆေးရုံအုပ်ဒေါက်တာနေမိုးက မိခင်သေဆုံးမှုလျှော့ချနိုင်ရေး သိကောင်းစရာများကိုလည်းကောင်း၊ မြို့နယ်သူနာပြုအဆင့်(၁) ဒေါ်မေသက်နွယ်က မိခင်သေဆုံးမှုမရှိစေရေး ကာကွယ်ရေးနည်းလမ်းများကိုလည်းကောင်း၊ခရိုင်ပြည်သူ့ကျန်းမာရေးဆရာမကြီး ဒေါ်ဝင်းမြိုင်က ငါးနှစ်အောက်ကလေးများ လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများနှင့်ကိုယ်ခန္ဓာကြီးထွားမှု၊ ဉာဏ်ရည်ဖွံ့ဖြိုးရေးနှင့် အာဟာရပြည့်ဝစွာကျွေးမွေးရေးကိုလည်းကောင်း၊ ငှက်ဖျားအင်စပက်တော် ဦးစံဝင်းက ခြင်မှတစ်ဆင့်ကူးစက်တတ်သော ရောဂါများကာကွယ်ခြင်းနည်းလမ်းများကိုလည်းကောင်း ဆွေးနွေးဟောပြောကြသည်။

ထို့နောက် တက်ရောက်လာသူများအား ကျန်းမာရေးအသိပညာပေးလက်ကမ်စာစောင်များ၊ အဏုအာဟာရမှုန့်ထုပ်များ ဖြန့်ဝေပေးပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)