ပုလော      ၁၄    စက်တင်ဘာ        


တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် ကျင်းပပြုလုပ်သော မြို့နယ်(၄) မြို့နယ် အမျိုးသမီးဘောလုံး ပြိုင်ပွဲတွင် ပုလောမြို့နယ် အမျိုးသမီးဘောလုံးအသင်းမှ သွားရောက်ယှဉ်ပြိုင်ကစားရာ ပထမဆုဖလားကို ရရှိခဲ့ကြောင်း သိရသည်။


အမျိုးသမီးတံခွန်စိုက် ပထမဆုရရှိခဲ့သော ပုလောမြို့နယ် အမျိုးသမီးဘောလုံးအသင်းအား ပုလောမြို့နယ် ဘောလုံးအဖွဲ့ချုပ်နှင့် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးတင်စိုးတို့မှ ဦးဆောင်၍  မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ဘောလုံးအသင်းနည်းပြများ၊ မြို့မိမြို့ဖများက စက်တင်ဘာလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ပုလောမြို့နယ်၊ မကျည်းကုန်းကျေးရွာ၊ ရွာလမ်းဆုံတွင် သွားရောက်ကြိုဆိုကြသည်။


ထိုနောက် ပထမဆုရရှိခဲ့သော အမျိုးသမီးဘောလုံးအသင်းအား အမျိုးသမီးတံခွန်စိုက်ဆုဖလားနှင့်အတူ ပုလောမြို့နယ်အတွင်း လှည့်လည်အောင်ပွဲခံကြောင်း သိရသည်။


ထူးဝေယံ(ပြန်/ဆက်)

 

44