မင်းကင်း ၁၄ စက်တင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်၊ မင်းကင်းမြို့တွင် ကမ္ဘာ့ရှေးဦးသူနာပြုစုခြင်းနေ့ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အထက (စကားဝါခန်းမ)၌ ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူမှ ပေးပို့သော သဝဏ်လွှာကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းဗိုလ်က ဖတ်ကြားပြီး မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးခင်မောင်ထွေးက အမှာစကား ပြောကြားသည်။
ထို့နောက် အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် အလယ်တန်းအဆင့် အထက်တန်းအဆင့် ဆုရကျောင်းသားကျောင်းသူများကို ဆုများအသီးသီးချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ချင်းတွင်းသား


