ရန်ကုန် ၁၄ စက်တင်ဘာ
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၂၈/၃) နှင့် (၁၂၈/၄)ကြားတွင် ယနေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်က ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ မောင်းနှင်လာသော Ractis (ဇီးရောင်)အမျိုးအစားယာဉ်သည် လမ်းဘေးရေနုတ်မြောင်းထဲသို့ ထိုးချပြီး အင်ဂျင်ခန်းမီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဗောဓိကုန်းအမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီးဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁ နာရီ မိနစ် ၄၀ အချိန် တွင် မီးငြိမ်းသွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဦးစီးဌာနမှ သိရသည်။
ယာဉ်မီးလောင်မှုကြောင့် ယာဉ်ပေါ်ပါ ယာဉ်မောင်းထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သဖြင့် ဖြူးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
MDN
Credit- Myanmar Fire Service


