နေပြည်တော် ၁၄ စက်တင်ဘာ 


သတ္တမအကြိမ်မြောက် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားကို ချင်းပြည်နယ် ဟားခါးမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်း ဗိုလ်တိုက်ချွန်းခန်းမ၌ စက်တင်ဘာ ၁၃ ရက် နံနက် ၉ နာရီတွင်  ကျင်းပရာ အခမ်းအနားသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ချင်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်ကျော်၊ ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မောင်မောင်အေးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ 


ရဲပြန်ကြား