ကျိုက်မရော ၁၄ စက်တင်ဘာ
မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်တွင် သြဂုတ်လအတွင်းက ရေကြီးနစ်မြုပ်ခဲ့သော စာသင်ကျောင်းများသို့ အတ္တရံလူငယ်ပညာရေး ပရဟိတကွန်ယက်မှ ဗလာစာအုပ်များ၊ စာရေးကိရိယာမျိုးစုံနှင့် ရေသန့်ဘူးကြီးများ ပေးအပ်လှူဒါန်းပွဲကို ယနေ့မွန်းလွဲ ၂ နာရီက ရှင်စောပုရပ်ကွက်ရှိ အ.မ.က(၁) (မူလွန်)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အတ္တရံလူငယ်ပညာရေး ပရဟိတကွန်ယက်မှ ဦးအောင်ဇော်မျိုးက စာအုပ်နှင့် စာရေးကိရိယာများ လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အ.မ.က (၁) မူလွန် ကျောင်းအုပ်ဆရာမကြီးထံ စာအုပ်နှင့် ထောက်ပံ့ရေးပစ္စည်းများကို လွှဲပြောင်းပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)


